မူဆယ် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က (၃)ကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မူဆယ်မြို့နယ် ဒုတိယပညာရေးမှူးက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် သိရှိလိုက်နာဆောင်ရွက်ရမည်များကို ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အိမ်တွင်းမှု ကျောင်းအုပ်ဆရာမကြီးက ဗဟုသုတရဖွယ် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာရန်၊ အကျိုးရှိသည့် စာပေများဖတ်ရှုလေ့လာပြီး မိမိဘဝအတွက် လက်တွေ့အသုံးချရန် ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးက “လူငယ်နှင့် အားကစား” ခေါင်စဉ်ဖြင့် ကျန်းမာရေးနှင့် အားကစားလှုပ်ရှားမှုများ ဆက်စပ်နေမှုများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးသန်းဇော်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အားလပ်ချိန်များတွင် စာကြည့်တိုက်ကိုအသုံးပြုရန်နှင့် အသိပညာတိုးတက်မြင့်မားရန် စာအုပ်စာပေးများ ဖတ်ရှုလေ့လာရေး ဟောပြောခဲ့သည်။
ထို့ပြင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား/သူ (၁၈)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုရရှိသူ (၃)ဦးတို့အား တာဝန်ရှိသူများက ဆုချီးမြင့်ခဲ့ကြသည်။
ထို့နောက် အ.ထ.က (၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မို့မို့ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)