ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင်ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်း‌‌ရေးဆိုင်ရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၁၀

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင်ကျောင်း၌ ကျင်းပရာ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်နှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်က ပလပ်စတစ်အိတ်၏ ဆိုးကျိုးသက်‌ရောက်မှုများ၊ စနစ်တကျ အမှိုက်စွန့်ပစ်ရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုများနှင့်ပတ်သက်၍လည်ကောင်း၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက စာပေဖတ်ရှုရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်များ ဖတ်သင့်သည့် စာအုပ်များနှင့် စာဖတ်ရခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကို လည်ကောင်း၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီး‌မှူး ဦးရဲနိုင်ဝင်းက ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းဟောပြောသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)