နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၁၀

၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစား သမားများနှင့် နည်းပြများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ နေပြည်တော်ကြက်တောင် အားကစားနည်း တာဝန်ခံ ဦးအောင်ဆန်းဦးက အကောင်းဆုံးကစားသမားဆုရရှိသည့် ပျဉ်းမနားမြို့နယ်မှ မောင်အောင်ဘုန်းမြတ်အား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊  နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီး ဇော်မင်းဦီးက တတိယဆုရရှိသည့် လယ်ဝေးမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက တတိယဆုရရှိသည့် လယ်ဝေးမြို့နယ်အသင်းမှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းမှ အားကစား သမားများအား တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းမှ အားကစားသမားများအား ဂုဏ်ပြု ဆုငွေများကို လည်းကောင်း၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပထမဆု ရရှိသည့် တပ်ကုန်းမြို့နယ်အသင်းမှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက် ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)