ရမည်းသင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(အင်တိုင်း)၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းဆွေနွေးပွဲ ကျင်းပ

 

ရမည်းသင်း ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(အင်တိုင်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အင်တိုင်း)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဝင်းက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများ ပိုမိုရရှိစေပြီး တစ်ဦးနှင့် တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အထက်တန်းကျောင်း(အင်တိုင်း) Grade- 11 ကျောင်းသား မောင်ဂျေမောင်မောင်မှ “စာကြည့်တိုက်တစ်တိုက်မှသည်” ခေါင်းစဉ်ဖြင့် စာကြည့်တိုက်မှူးကောင်းကိုလည်းကောင်း၊ Grade10 ကျောင်းသူ မအိမ့်ကြာဖြူမှ “လူငယ်တွေ ဘာကြောင့်စာဖတ်ဖို့လိုပါသလဲ‌”ခေါင်းစဉ်ဖြင့် စာဖတ်ခြင်းကောင်းကျိုးများ၊ စာပေဗဟုသုတရရှိမှသာအရည်ခြင်းပြည့်စုံသော သားကောင်းရတနာများဖြစ်လာနိုင်ကြောင်းကိုလည်းကောင်း၊ Grade10 ကျောင်းသား မောင်ဘုန်းပြည့်ပိုင်မှ “အစပျိုးလျှင် အဆုံးမသတ်သင့်‌သော စာကြည့်တိုက်”ခေါင်းစဉ်ဖြင့် ကျေးရွာတစ်ရွာဖွံဖြိုးတိုးတက်ရန် စာကြည့်တိုက်အ‌ရေးပါခြင်းနှင့် အားလပ်ချိန်အကျိုးရှိစေရေး စာကြည့်တိုက်၌ စာဖတ်ခြင်းကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မအိဇင်စိုးမှ “အလင်းတံခါးများ ပွင့်ပါစေ”ခေါင်းစဉ်ဖြင့် စာကြည့်တိုက်ရှင်သန်ရေးနှင့် စာကြည့်တိုက်မှူးအရေးပါခြင်းကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် Grade-9/10/11/12 ကျောင်းသား၊ ကျောင်းသူတို့မှ ခေါင်းစဉ်အလိုက်သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အထက်တန်းကျောင်း(အင်တိုင်း) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၄)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေလေ့လာစို့”အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)