ကျောက်ပန်းတောင်း ဩဂုတ် ၉
(၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆိုအကအရေးအတီး (မြို့နယ်အဆင့်) ပြိုင်ပွဲကို၊ ယနေ့ နံနက်(၈:၃၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး စကားဝါမြေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခေတ်ဟောင်းကာလပေါ်ဘာသာရပ် အခြေခံပညာအဆင့် (၁၅-၂၀)တွင် အန္တရာယ်ကင်း သီချင်းဖြင့်လည်းကောင်း၊ ခေတ်ဟောင်းကာလပေါ်ဘာသာရပ် အခြေခံပညာအဆင့်(၁၅-၂၀) ဒုတိယ အကျော့တွင် အောင်မြင်းခြင်းအတူတူ တေးသီချင်းဖြင့်လည်းကောင်၊ ခေတ်ဟောင်းကာလပေါ်ဘာသာရပ် အခြေခံပညာအဆင့်(၁၅-၂၀)တွင် ကောက်ရိတ် ချိန်တေးသီချင်းဖြင့်လည်းကောင်း၊ ချစ်စရာ့ ရွှေတမာတေးသီချင်းဖြင့်လည်းကောင်း ကျောင်းသားကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြိး၊ မဟာဂီတ ဘာသာရပ်ဖြင့် အခြေခံပညာအဆင့်(၁၀-၁၅)တွင် မြိုင်ဟေမာတေးသီချင်းဖြင့်လည်း ကောင်း၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းဘာသာရပ်တွင် အဆင့်မြင့်ပညာအဆင့်တွင် ကျေးရွာဝါဒ သီချင်း၊ ဗိုလ်ရှုသဘင်သီချင်းတို့ဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး၊အဆိုကာလပေါ်ဘာသာရပ်ဖြင့် ဂျင်မလေးဂျမ်းသီချင်း၊ ဓမ္မ စင်္ကြာသီချင်း၊ မဟာဂီတဘာသာရပ် ဝါသနာရှင်(ဒုတိယ)အဆင့်တွင် ဆဒ္ဒန်အိုင် တေးသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး, အမျိုးသမီးအက ဘာသာရပ် အခြေခံပညာအဆင့်(၁၀-၁၅)နှင့် ဝါသနာရှင်အဆင့်အကတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ဆရာမများ၊ ပြိင်ပွဲဝင်ကျောင်းသားကျောင်းသူများ၊ သဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးမိုးကျော်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ သဘင်ပညာရှင်များနှင့် ဝါသနာရှင်များ စုစုပေါင်း (၂၃၅)ဦးတ က်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)