မိုင်းတုံမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဖြစ်သည့် ဆယ်အိမ်စုမှူးသင်တန်းဖွင့်လှစ်

မိုင်းတုံ ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်း ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ယနေ့နံနက် (၉) နာရီအချိန်က ဝမ်နားကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဖြစ်သည့် ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက ယင်းသင်တန်း ဖွင့်လှစ်ပေးရခြင်းသည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ်(၁၆)ရပ်၌ အသင်းများနှင့်အသင်းခွဲများတွင် ရာသက်ပန်အသင်းဝင်များနှင့် သာမန်အသင်းဝင်များ တိုးတက်ရရှိရေးအတွက် စည်းရုံးဆောင်ရွက်ခြင်း၊ အသင်းဝင်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးဖြစ်သည့် ဆယ်အိမ်စုမှူး သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းကို  သင်တန်းမှူး (၂) ဦးဖြင့် သင်တန်းသူ (၂၀) ဦးတို့ကို ဩဂုတ်လ ၉ ရက်နေ့ တစ်ရက်သာ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းထံမှ သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)