မုဒုံ သြဂုတ် ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို သြဂုတ် ၆ ရက်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက နိုင်ငံတော်အစိုးရအနေဖြင့် ပျိုးခင်းနှင့်တူသည့် စာကြည့်တိုက်များ၊ ပျိုးထောင်သူနှင့်တူသည့် စာကြည့်တိုက်မှူးများ ပေါ်ထွန်းလာစေရန်၊
ကျောင်းစာကြည့်တိုက်မှူးများအနေဖြင့် အရည်အချင်းပြည့်မီပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်တစ်ခုတွင် လိုအပ်သည့်အချက်များနှင့် သင်တန်းကိုဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် စာစု၊ စာပြုလုပ်ငန်းများ၊ စာငှားစနစ်၊ ရာစုခွဲပုံအဆင့်ဆင့်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို အခြေခံပညာစာသင်ကျောင်းများမှ စာကြည့်တိုက်မှူး ဆရာမ(၃၅)ဦးအား စာတွေ့/လက်တွေ့ဖြင့် နှစ်ရက်ကြာသင်ကြား ပို့ချဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)