စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပုလဲ အ.ထ.က တွင် ကျင်းပ

သုံးခွ သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များမြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်၊ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပုလဲကျေးရွာ အ.ထ.က ကျောင်းခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပုလဲကျေးရွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ​ဒေါ်သီသီဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စခန်းမှူး ဒုရဲမှူး တင်ထွဠ်က လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်းကို ပရိုဂျတ်တာဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ကြပါစို့၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးခုပ်စွမ်းခိုင်က ပညာရေးနှင့်အားကစားခေါင်းစဥ်ဖြင့် အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဥ် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အ.ထ.က၊ အ.ထ.က (ခွဲ) ကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)