လဲချား သြဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းအမှတ်စဥ် ၂/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၉-၈-၂၀၂၄ ရက်နေ့မှ ၁၁-၈-၂၀၂၄ ရက်နေ့အထိ ၃ရက်သင်တန်းအား သင်တန်းသား (၃၀)ဦးဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)