မက်မန်း ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးများ စာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်လွဲပိုင်းအချိန်က ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောခြင်းကို ဒေါ်လေးလေ(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နာချီ(အငယ်တန်းစာရေး)တို့က ကလေးများအား ဦးစွာ ပုံပြင်များဖတ်ပြ၍ ပုံပြင်တစ်ပုဒ်ချင်းစီ၏ အကျိုးကျေးဇူးမေးမြန်းချက်များပြုလုပ်ခဲ့ရာ ကလေးငယ်များမှ ပျော်ရွှင်၍ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါ ပုံပြောခြင်းတွင် ကလေးငယ် (၃၀)ဦး ပါဝင်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)