ကာလိမြို့တွင် ရွေးကောက်ပွဲအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကာလိ ဩဂုတ် ၉    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ရွေးကောက်ပွဲအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကွန်ဟိန်းမြို့ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်က ကျောင်းသား/သူများအား ဟောပြောပို့ချချက်များကို စိတ်ဝင်တစား လေ့လာမှတ်သားရန်၊ မိမိသိလိုသော အချက်အလက်များအား မေးမြန်းကြရန် ပြောကြားခဲ့ကြသည်။

ထို့နောက် ကွန်ဟိန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာက ဟောပြောပွဲလာရောက်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မိမိဌာန၏ လုပ်ဆောင်ချက်များ၊ ဆောင်ရွက်ချက်များ၊ လွှတ်တော်(၃)ရပ်အကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ရာတွင် ဆောင်ရွက်ရသော အဆင့်ဆင့်သော ဆောင်ရွက်ချက်များအား အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများက မိမိတို့သိရှိလိုသော အကြောင်းအရာများအား မေးမြန်းရာ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ/ကျောင်းသား/သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ကာလိ(ပြန်/ဆက်)