မိုးနဲ ဩဂုတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုးခြင်းနှင့် တောင်သူနည်းပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နားခံကျေးရွာအုပ်စု နားခံကျေးရွာနေ တောင်သူ လုံးဆုစိန္တ၏ လယ်မြေနေရာ၌ ဆောင်ရွက်ကြောင်း သိရသည်။
ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာဦးစီးမှူး ဦးဇော်မော်ဦးက တောင်သူများအနေဖြင့် စတင်စိုက်ပျိုးချိန်မှစ၍ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားကြရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးသွားကြရန် ယခုစိုက်ပျိုးရာသီတွင် ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကစံသတ်မှတ်ချက် ကောက်ကွက်ပြည့်မီရေး လစ်ဟင်းမှုမရှိစေဘဲ ကြပ်မတ်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းသရုပ်ပြ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မျိုးညွန့်ရွှေ(မိုးနဲ)