မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ဝန်ထမ်းများအား မြန်မာ့အာမခံလုပ်ငန်းမှ အသက်အာမခံဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး

မန္တလေး ဩဂုတ် ၉

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ဝန်ထမ်းများအား မြန်မာ့အာမခံလုပ်ငန်းမှ အသက်အာမခံဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးခြင်းအခမ်းအနားသို့ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဌာနခွဲ၊ ဌာနစိတ်တာဝန်ခံများ၊  ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းမန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ့အာမခံလုပ်ငန်း၊ တိုင်းမန်နေဂျာ ဒေါ်နီနီအေးက  မြန်မာ့အာမခံလုပ်ငန်းအကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်အာမခံဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် အသက်အာမခံနှင့်ပတ်သက်၍ သိလိုသည်များကိုလည်း ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်