တာလေ ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် (၂၀၂၄-၂၀၂၅) ခုနှစ် မိုးစပါးစိုက်ဧက တိကျမှန်ကန်ရေး ယနေ့ နံနက် ၉ နာရီအချိန်က နားယောင်းကျေးရွာ၊ မိုင်းလင်းအရှေ့ကျေးရွာနှင့် မိုင်းလင်းအနောက်ကျေးရွာများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ခုနှစ် မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို လှည့်လည်ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုနောက် ဒေသခံစိုက်ပျိုးဝောာင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)