ကျောက်တလုံးကြီးမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး ဩဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ဌာနပေါင်း (၉) ဌာနသည် စစ်ကြောင်း(၅)ကြောင်းဖြင့် အသုံးတော်ကျေးရွာအုပ်စု၊ ပုန်းတန်ကျေးနှင့် နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးကျေးရွာများသို့ ယမန်နံနက် ၉ နာရီက သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကြောင်းကြီး ၅ ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးခွန်သူရအောင်ဦးဆောင်၍ ဌာနဆိုင်ရာများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျေးရွာအုပ်စု ပညာရေးနှင့် လျှပ်စစ်မီးဆိုင်ရာများအတွက် ကျေးရွာမှ ဖွဲ့စည်းထားသည့် ကော်မတီများ၊ ရပ်မိရပ်ဖများ ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ ကျေးရွာအတွင်း ပြည်သူများ၏ အမှန်တကယ်လိုအပ်လျက်ရှိသော တောင်းဆိုချက်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်နိုင်လင်း