မိုင်းတုံ ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုပေးပွဲအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ (၁၃) နာရီ မိနစ် (၄၀) အချိန်က ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အထက်တန်းစာစီစာကုံး၊ အလယ်တန်းစာစီစာကုံး၊ အလယ်တန်းပန်းချီ၊ မူလတန်းပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို နံနက် (၈) နာရီအချိန်တွင် ပြိုင်ပွဲများစတင်နေမှုကို ကျိုင်းတုံမြို့မှ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့်အဖွဲ့များ၊ မိုင်းတုံခရိုင်၊ စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့များ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်းနှင့်အဖွဲ့များမှ လာရောက်ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအားလုံးကို အချိုရည်နှင့် မုန့် ဝေငှာပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၁၃) နာရီ (၄၀) မိနစ်အချိန်က ဆုပေးပွဲအခမ်းအနားကို အ.ထ.က မိုင်းတုံရှိ နီလာဆောင်ခန်းမတွင် ကျင်းပရာတွင် မိုင်းတုံခရိုင်၊ ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးမြတ်မိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို အကျယ်တစ်ဝန်း ရှင်းလင်းပြီးနောက် အ.ထ.ကမိုင်းတုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် အထက်တန်းစာစီစာကုံး ပထမဆုနှင့် ဒုတိယဆုကို ခရိုင်ပညာရေးမှူး ဦးမြတ်မိုးကလည်းကောင်း၊ အထက်တန်းစာစီစာကုံးတတိယဆု၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု(၂)ကို အ.ထ.က မိုင်းတုံကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်မှလည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံး ပထမဆုနှင့် ဒုတိယဆုကို ခရိုင်လဝကမှူး ဦးလှအေးကလည်းကောင်း၊ လယ်တန်းအဆင့်စာစီစာကုံး တတိယဆု၊ နှစ်သိမ့်ဆု (၁) နှင့် နှစ်သိမ့်ဆု(၂)ကို မြို့နယ်လဝကမှူး ဦးအောင်အောင်ထွန်းကလည်းကောင်း၊ အလယ်တန်း ပန်းချီပြိုင်ပွဲ ပထမဆုနှင့်ဒုတိယဆုကို မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစောတင်မြင့်ကလည်းကောင်း၊ အလယ်တန်းပန်းချီပြိုင်ပွဲ တတိယဆု၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု(၂)ကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက လည်းကောင်း၊ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့ဝင် ဒေါ်ခင်မျိုးသန်းကလည်းကောင်း၊ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ အထူးဆု၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု (၂) ဆုများကို အ.မ.က ဝမ်နားကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမော်ကလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု(၂)ဆုများကို မြို့နယ်ပြန်/ဆက်မှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်ကလည်းကောင်း ပေးအပ်ရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့သည်။ ယင်းဆု (၂၆) ဆုအား မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်လဝကမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေ၊ မြို့နယ်ဆောက်လုပ်ရေးမှ ဦးရဲအောင်နိုင်၊ မြို့နယ်သစ်တောမှ ဦးစောတင်မြင့်၊ မြို့နယ်ပြန်/ဆက်မှ ဒေါ်ဝင်းဝင်းခိုင်တို့မှ ပံ့ပိုးကူညီခဲ့ပြီး၊ ပွဲဖြစ်မြောက်ရေးအတွက် အ.ထ.ကမိုင်းတုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်နှင့် ဆရာ/ဆရာမများနှင့် မြို့နယ်ပြန်/ဆက်၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့များ၊ ဧည့်ခံကျွေးမွေးမှုတွင် မြန်မာ့စီးပွားရေးဘဏ်မှ ဒေါ်စမ်းပြုံး၊ မြို့နယ်ထွေ/အုပ်မှ ဦးလွင်မိုး၊ ခရိုင်မြေစာရင်းမှ ဦးဇင်မိုးအေး၊ မြို့နယ်မြေစာရင်းမှ ဦးကိုကိုမောင်တို့မှ ပံ့ပိုးကူညီခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်ဆက်)