ရန်ကင်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရေး စစ်ဆေးဆောင်ရွက်

ရန်ကင်း သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများကို ဩဂုတ်လ ၆ ရက် နေ့လယ် ၁၁ နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများက ရန်ကင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဆွေနှင့် ယာဥ်ထိန်းရဲတပ်ဖွဲ့စု (၃၆) မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးနှင့်အဖွဲ့များက အထက(၂) ကျောင်းကြို/ပို့ယာဉ်များ စည်းကမ်းတကျဖြစ်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာမောင်းနှင်စေရေး၊ သတ်မှတ်လိုင်စင်များဖြင့်မောင်းနှင်စေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)