လဲချား သြဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဟိုရင်ကျေးရွာတွင် ကောက်ရိုးယူရီးယား ပြုပြင်ကျွေးမွေးနည်း လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီ အချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမျိုးလှိုင်ဝင်းက ကောက်ရိုးယူရီးယား ပြုပြင်ကျွေးမွေးနည်းနှင့်ပတ်သက်၍ ကျေးရွာနေ ပြည်သူများအား လက်တွေ့ဆောင်ရွက်ပေးခြင်းနှင့် ကျေးရွာနေပြည်သူများမှ ၎င်းလုပ်ငန်းနှင့်ပတ်သက်၍ မေးမြန်းချက်များအပေါ် ရှင်းလင်းပြောကြားပေးပြီး လက်တွေ့ဆောင်ရွက်စေခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)