၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲကျင်းပ

တောင်သာ သြဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁၀) အထည်စက်ရုံ(တောင်သာ)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို  မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်မြင့်မှ  ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး  လူဦးရေစာရင်းများ မှန်ကန်မှအနာဂတ်လူနေမှုဘဝတိုးတက်မြင့်မားရေး၊ နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေမည့်အခြေခံကျသော လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်မျာအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိရန်ဖြစ်ပါသည်။ စာရင်းကောက်မှမေးမြန်သောမေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေဆိုကြပါ။ အချက်အလက်များ မမှန်ကန်ပါက နစ်နာသူမှာပြည်သူသာ၊ သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းတွင်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စက်ရုံဝန်ထမ်းများ စုစုပေါင်း (၁၅၀)ဦးအား လက်ကမ်းစာစောင်နှင့် ဦးထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)