နွားထိုးကြီး ဩဂုတ် ၈
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတပဒေသာအတွဲ (၅၀)၊ အမှတ် (၁၂)မှ စာရေး ဆရာ ကိုကျော်စွာ (ကျိုက်ပိ)၏ လူငယ်နှင့်အောင်မြင်မှု ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းပြပြီး ရုံးဝန်ထမ်းများမှ လူငယ်လို့ ပြောလိုက်တာနဲ့ နောင်တစ်ချိန်လူကြီးနေရာကို ရောက်လာမည့်သူများလို့ အားလုံးကသိကြပါတယ်၊ နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ထိုလူငယ်တွေအပေါ်မှ အမှီပြုနေပါတယ်၊ ဖွံ့ဖြိုးတိုးတက်မှုလို့ဆိုရာမှာလည်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာတရားနဲ့ ယဉ်ကျေးမှုစတာတွေပါဝင်ပါတယ်၊ယနေ့ခတ်လူငယ်တွေကို ကြည်လိုက်ရင် အောင်မြင်မှုရောက်ကို လိုက်နေကြတယ် ဘယ်လိုအောင်မြင်အောင်လုပ်မလဲမေးရင် မသိတော့ဘူး၊ လူငယ်တွေဆိုတာ တက်ကြွနေရမယ်၊ ဖျက်လတ်နေရမယ်၊ အောင်မြင်မှုကိုလိုချင်တဲ့ အာသာဆန္ဒ ပြင်းပြင်းပြပြရှိနေရမယ်၊ လူငယ်တွေအောင်မြင်မှုရဖို့ဆိုရင် အောက်ပါနည်းလမ်းတိုင်း ကြိုးစားကြဖို့လိုပါတယ် ယဉ်ကျေးခြင်း၊ စည်ကမ်းရှိခြင်းနှင့် အချိန်လေးစားခြင်း၊ တာဝန်ယူမှုရှိခြင်းနှင့် ပတ်ဝန်းကျင်ကို အလေးထားခြင်း၊ မိမိအလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်း၊ ရည်မှန်ချက်ထားရှိခြင်းနှင့် ယုံကြည်ချက်ထားရှိခြင်းဖြစ်ပါတယ်ဟု စာရေးဆရာကိုကျော်စွာ(ကျိုက်ပိ)၏ လူငယ်နှင့်အောင်မြင်မှုနည်းလမ်းများ ဆောင်းပါးကို မိမိတို့ဖတ်ရှုခဲ့သည့် အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်းအပြန် အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်