ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲကျင်းပ

ညောင်ဦး  ဩဂုတ်  ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ငါ့သရောက်မြို့အတွင်းရှိ စံညီစာကြည့်တိုက်များအား စာအုပ်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

စာအုပ်လှူဒါန်းအခမ်းအနားတွင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံညီစာကြည့်တိုက်များသို့ သုတ/ရသစာအုပ်များ လှူဒါန်းပေးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားသည်။ ပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ သုတ/ရသစာအုပ်များအား ညောင်ဦးမြို့နယ်ငါ့သရောက်မြို့ စံညီစာကြည့်တိုက်( ၄)တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဒီပါလင်း