စဉ့်ကိုင် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအုပ်စုရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်၊ မူးယစ်ဆေးဝါး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ယနေ့နံနက် ၉နာရီက အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ဌာနမှူးများ၊ ကထိကများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းလူဦးရေ(၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလှလှဝင်းမှ မူးယစ်ဆေးဝါး၏ ဆိုကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များနှင့် ဥပဒေပုဒ်မများအကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များအားမေးမြန်ခဲ့ရာ ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလှလှဝင်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)