ပျော်ဘွယ်မြို့နယ်၊ သူဌေးကုန်း လူငယ်ပြုစုပျိုးထောင်ရေးပရဟိတဂေဟာတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟော ပြောပွဲ ကျင်းပ

ပျော်ဘွယ် ဩဂုတ် ၈

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက သူဌေးကုန်းလူငယ်ပြုစု ပျိုးထောင်ရေး ပရဟိတဂေဟာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက  အရွယ်မတိုင်မီ ကလေးအလုပ်သမားအဖြစ်သို့ မရောက်ရှိစေရေး၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ ငယ်စဉ်ကတည်းက မူးယစ်ဆေးဝါးမသုံးစွဲမိအောင် ရှောင်ရှားရမည့်အချက်များ၊ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရမည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန်ရှင်းလင်း ဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြသထားသည့် စာအုပ်စာစောင်များကို ပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)