စဉ့်ကိုင်မြို့နယ်၌ သစ်တောများကာကွယ်ထိန်းသိမ်းခြင်းနှင့်သစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

စဉ့်ကိုင် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး-(စဉ့်ကိုင်တွဲ)မြို့နယ် သစ်‌တောဦးစီးဌာနမှ ကျောင်းသား/သူများ သစ်တောများတန်ဖိုးထား ထိန်းသိမ်းတက်စေရန်၊ သစ်တောပြုန်းတီးမှု မရှိစေရေးအတွက် ဝိုင်းဝန်းပါ‌ဝင် ထိန်းသိမ်းတတ်စေရန်၊ သစ်ပင်စိုက်ပျိုးလိုခြင်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့်သစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဘယ်လင်း)၌   ကျင်းပခဲ့ရာ ဟောပြောပွဲသို့ တံတားဦး-(စဉ့်ကိုင်တွဲ)မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်နှင့် သစ်တောဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) အလယ်တန်းပြဆရာ ဦးအောင်ကျော်ဌေးနှင့် ဆရာ/ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား/သူများ စုစုပေါင်း လူဦးရေ (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး(ကိုယ်စား) အလယ်တန်းပြဆရာ ဦးအောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တံတားဦး-(စဉ့်ကိုင်တွဲ) မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်က သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့်သစ်ပင်များ စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောရာတွင်  သစ်တောမှရရှိသော အကျိုးကျေးဇူးများမှ အဓိက (၄)ချက်၊ သစ်တောများထိန်းသိမ်းခြင်းဖြင့် ရာသီဥတု မျှတကောင်းမွန်လာစေခြင်း၊ ရေအရင်းအမြစ်များအား ထိန်းသိမ်းပေးခြင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေထိုင်ကျက်စားနေရာကို ‌ဖန်တီးပေးခြင်း၊ လူသားများအသက်ရှင်ဖို့အတွက် သစ်တောသစ်ပင်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်းစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)