တာလေမြို့၌ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

တာလေ ဩဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့နယ်ခွဲအတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း ၁၀ နာရီက မြို့နယ်ခွဲအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ခွဲစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က မြို့နယ်အတွင်း စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ခွဲပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ခွဲစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်ခွဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုး‌ဇော်တို့က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊ စာစောင် ပေးအပ်လှူဒါန်းပွဲမှ ဖြန့်ဝေလက်ခံရရှိသည့် သုတ၊ ရသ (၈၀)အုပ်ကို စံညီစာကြည့်တိုက် (၄)တိုက်သို့ ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုးလရောင် (ပြန်/ဆက်)