ခိုလမ်မြို့၊ အ.မ.က (ခလရ-၆၆) ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ခိုလမ် ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း (ခလရ-၆၆)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်မှ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးတိုးတက်မြှင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်  လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းသား/ကျောင်းသူများအား ပြသပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)