ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အ.ထ.က (၂) ၌ လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးတင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအား အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးက အားကစားနှင့်လူငယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက လူငယ်နှင့်မူးယစ်းဆေးဝါးခေါင်းစဥ်ဖြင့် လူငယ်ရေးရာများကိုဟောပြောခဲ့ပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညားပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်၊ စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက် (ပြန်/ဆက်)