ကျိုင်းတုံ ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာ၌ ကျင်းပခဲ့သည်။
ဦးစွာ တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးက ကျေးရွာနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းပညာများတတ်မြောက်လာစေရန်၊ MSMEs အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးရွာစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာပံ့ပိုးပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးပွားရှိစေကာ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်ပြီး ပထမအကြိမ် အခြေခံသင်တန်းကာလ ဩဂုတ်လ ၅ ရက်မှ စက်တင်လဘာလ ၃ ရက်အထိနှင့် ဒုတိယအကြိမ် အဆင့်မြင့်သင်တန်းကာလ စက်တင်ဘာလ ၁၁ ရက်မှ ၂၅ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသူ ငါးဦးရွေးချယ်ပြီး အပ်ချုပ်စက်များနှင့် လုပ်ငန်းသုံးပစ္စည်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)