မိုင်းရှူးမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန်

မိုင်းရှူး     နိုဝင်ဘာ      ၁၈

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉သည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံနှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား လျက်ရှိရာ မိုင်းရှူးမြို့နယ် အတွင်းရှိ ပြည်သူများ ရောဂါကူးစက် ခံရမှုမရှိစေရေး မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်စွဲပါ ရုံးအမိန့်အမှတ် (၆/ ၂၀၂၀)ဖြင့် ညမထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရ သည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် မိုင်းရှူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရောဂါကူးစက် ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်မှအပ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မှစ၍ နေ့စဉ် ည(၁၂)နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုအမိန့်သည် အများပြည်သူ အကျိုးအတွက် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်သဖြင့် ပြည်သူများ အနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းအမိန့်ထုတ်ပြန်သည့် နေ့မှစ၍ (၂)လ အတည် သတ်မှတ်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)