ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၃) ဖွင့်လှစ်

ရန်ကုန်   ဩဂုတ် ၃                             

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၃)ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံတွင် ဖွင့်လှစ်ခဲ့သည်။

 ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအား ပြောကြားတွင် ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှားများ မဖြစ်ပေါ်စေရန်နှင့် အလုပ်ကိုင်အခွင့်လမ်းများ တိုးပွားလာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းတွင် ရွှေတူးဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက်ရောင်းဝယ်ခြင်း၊ ရွှေဆိုင်ဖွင့်ရန် အခြေခံတွက်ချက်နည်း၊ ရွှေပန်းထိမ်၊ ရွှေဒင်္ဂါး/ငွေဒင်္ဂါးရွှေအပေါင်ခံခြင်း၊ ကျောက်မျက်ပညာ၊ အသုံးချရွှေသင်္ချာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင် အစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းကို ဩဂုတ်(၂)ရက်နေ့မှ (၁၁)ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီမှ (၁၀)နာရီ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသားသင်းတန်းသူ (၁၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)