ကျိုက်မရော နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ရာဘာခြံစိုက်ပျိုးရေးကို အဓိကစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိရာ ယခုအခါ ရာဘာပြားစျေးနှုန်း အနည်းငယ် မြင့်တက်လာသော ကြောင့် ရာဘာခြံရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်းစီးပွားရေး ပြန်လည်အဆင် ပြေလာကြကြောင်း ရာဘာ ခြံရှင် ဦးခင်မောင်မြင့်ထံမှ သိရသည်။
ယခုဆိုလျင် ရာဘာပေါက်စျေးမှာ ယနေ့အချိန်ထိ မှိုင်းခံ အဆင့်( ၃ ) ရှိ ရာဘာပြား တစ်ပေါင်လျှင် (၇၃၀) ကျပ် ပေါက်စျေးရှိ ပြီး နေလှမ်းပြားတွေဆိုလျှင် တစ်ပေါင်ကို (၆၃၀)မှ (၆၄၀ကျပ်)ထိပေးဝယ်နေရ ပြီး ခွက်ကျန် ဆွဲပတ် တစ်ပေါင်လျှင်ကျပ် (၃၆၀) နှုန်းဒိုင်ပေါက် စျေးရှိနေကြောင်း ကျိုက် မရော မြို့ဘုရားနှစ်ဆူ ကျောင်းရှေ့ရှိ လရိပ်ချို ရာဘာအဝယ်ဒိုင်နှင့်ရာဘာပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်ဦးမင်းအောင်နိုင်ဝင်းထံမှသိရသည်။
“ရာဘာစျေးကလွန်ခဲ့သောနှစ်လသုံးလတွင် စျေးများကျဆင်းပြီး အဝယ်မလိုက်သဖြင့် ရာဘာ စိုက်သူခြံရှင်များအနေဖြင့်စီးပွားရေး ထိခိုက်မှုများနှင့်ကြုံတွေ့ခဲ့ရပြီး ရာဘာအစေးခြစ်မည့် အလုပ်သမားကလည်းကိုဗစ်- ၁၉ ရောဂါကာလအတွင်းသွားလာရန်ခက်ခဲသဖြင့် အလုပ်သမား ရှားသည့် အခက်အခဲများကို လည်းရင်ဆိုင်ခဲ့ရ ကြောင်း”ရော်ဘာခြံ ရှင်တစ်ဦးက ပြောသည်။
ယခုအချိန်တွင် ရာဘာစျေးနှုန်းမြင့်တက်ပြီး အဝယ်လိုက်လာသဖြင့် ခြံပိုင်ရှင်များစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ချိုချို (ပြန်/ ဆက်)