မိုင်းတုံ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဩဂုတ် ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မိုင်းတုံမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မိုင်းတုံမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက မြို့နယ်အဆင့် ဌာနဆိုင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်လကုန်ရက်တိုင်း မိမိတို့လုပ်ငန်းဆောင်ရွက်ချက်အပေါ် အခက်အခဲရှိ/ မရှိ၊ ရှိခဲ့ပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ ဌာနဆိုင်ရာတွေနှင့် တပ်နယ်ပူးပေါင်းပြီး အပတ်စဉ်စနေနေ့တိုင်း မြို့သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအလိုက် မိမိတို့လုပ်ဆောင်နေမှုနှင့် လုပ်ငန်း‌ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းက မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍လည်းကောင်း၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်းရှင်းလင်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံ‌ရေးဌာန ဦးစီးအရာရှိ‌ ဒေါ်ဝင်းဝင်းခိုင်က သြဂုတ် ၈ ရက်နေ့တွင် အ-ထ-က မိုင်းတုံစာသင်‌ကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကျင်းပမည့် အစီအစဉ်ဖြင့်ပတ်သက်ပြီး‌ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ထားမှုများကို ရှင်းလင်း‌ဆွေးနွေးခြင်း၊ မြို့နယ်ရဲမှူးမြင့်‌အောင်က ပြည်သူစစ်မှုထမ်းနှင့်ပတ်သက်၍ ဆွေးနွေးရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှုများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)