ကလောမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ခုနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ကလော ဩဂုတ် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ခုနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိမြို့နယ်ပညာရေးမှူးနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ  မြို့နယ်ဖွဲ့စည်းရေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်အေးမာဌေးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းများ ရှင်းလင်းခြင်းနှင့် အမှုဆောင်အဖွဲ့၏ အမှာစာကို အသင်းစုတာဝန်ရှိသူများ ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်များရယူကာ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)