မိုးနဲ ဩဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဆီထွက်သီနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုပ်မျိုးစေ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးက မျိုးစေ့များ ပေးအပ်ရခြင်းနှင့်စပ်လျဉ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား တစ်ဧကလျှင် ၄ ပြည်နှုန်းဖြင့် ၁၈၀ ဧကအတွက် ဆီပဲပုပ်မျိုးစေ့များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)