တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ရှောင်တခင်စစ်ဆေး

မိုင်းယောင်း ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ယမန်နေ့တွင် တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝိန်းကျိုင်းကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ ဦးဆောင်သည့် တရားမဝင်ကုန်ပစ္စည်းတားဆီးကာကွယ်ရေးအဖွဲ့မှလည်းကောင်း၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော် ဦးဆောင်သည့် တရားမဝင်ကုန်ပစ္စည်းတားဆီးကာကွယ်ရေးအဖွဲ့မှလည်းကောင်း မြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)