ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၃၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့၌ မိုးစပါးစတင်စိုက် ပျိုးနေမှုအခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီ အစဉ်ဖြင့် ပြည်နယ်တွင်း မိုးစပါးနှင့် သီးထပ်သီးညှပ် စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွင်းသို့ သွားရောက်ပြီး စိုက်ကွင်းအတွင်း မိုးစပါးစတင် စိုက်ပျိုးဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ကွင်း အလယ် တွင် ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းချောင်း တစ်လျှောက် ဘေးဝဲ/ယာတွင် အများပြည်သူ အပန်းဖြေ အနားယူနိုင်ရေး ဆောင်ရွက်ထားသည့် လူသွားလမ်းပေါ်တွင် အလှပန်းပင်များ စိုက်ထူဆောင်ရွက်နေ မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေအိုက်ရပ်ကွက်အတွင်းရှိ တောင်သူ ဦးမာယော်၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ပြီး အဆိုပါခြံအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် ဝက်များမွေးမြူထားရှိမှု၊ ရာသီပေါ်ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခြံအတွင်းမွေးမြူထားသည့် အိမ်မွေးတိရစ္တာန်များအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေး အပ်ခဲ့ပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေပြည်သာရပ်ကွက်အတွင်း ရွှေပြည်သာ-အားဆာကျေးရွာသွားလမ်းပေါ်ရှိ မြေဧရိယာ ၈၈၀ ပေ၊ ၅၅၀ ပေပေါ်တွင် မြစ်ကြီးနားမြို့တွင်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုကြောင့် ယာဉ်ကြောပိတ်စို့မှုနှင့် အများပြည်သူယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း(ရွှေပြည်သာ) တည် ဆောက်ရေးလုပ်ငန်းစီမံကိန်း၌ မြေဧရိယာရှင်းလင်း၍ ခြံစည်းရိုးကာရံထားရှိမှု၊ မြေဧရိယာအတွင်း ကုန်တင်ယာဉ်ကြီးများ ရပ်နားနိုင်ရေးဦ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်နှင့် ဆိုင်းခန်းများ နေရာချထား တည်ဆောက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်၍ အဆိုပါရပ်ကွက်အတွင်း ရွှေအိုကွင်း မိုးစပါးစိုက်ပျိုးဧရိယာများနှင့် ဥယျာဉ်ခြံ များအတွင်း မိုးရာသီတွင် မိုးရေများဖြင့် နစ်မြုပ်နေမှုကြောင့် အခက်အခဲဖြစ်ပေါ်မှုအပေါ်  အဆိုပါ ကွင်းအတွင်းမှရေများအား နန်းကွေ့ချောင်းအတွင်းသို့ ရေဆင်းကောင်းမွန်စွာ စီးဆင်းနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ရေနှုတ်မြောင်းတူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများ ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်ပိုင် စူပါဝမ်း နွားမွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်းရောင်းဝယ်ရေးသို့ သွားရောက်ပြီး နို့စားနွားများ မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့မှု အခြေအနေများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ ဈေးကွက်တင်ရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)