ပင်လောင်းမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ

ပင်လောင်း ဇူလိုင် ၃၀

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာန အစည်းအဝေးခန်းမ၌  ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ကျန်းမာရေးဦီးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အဓိကလက္ခဏာများ၊ ရောဂါပျံ့နှံ့ပုံများ၊ ကာကွယ်ရေးလုပ်ငန်းများ၊ ပိုးသတ်နှိမ်နင်းခြင်းလုပ်ငန်းများ၊ ရောဂါစောင့်ကြည့်စစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သည့် ‌ရောဂါဖြစ်ပွားမှုကူးစက်မှုများ၊ ရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်းကျားပိုးလောက်လန်း နှိမ်န‌င်းခြင်းလုပ်ငန်းများနှင့် ငှက်ဖျားရောဂါ  ကြိုတင်ကာကွယ်ဆိုင်ရာအကြောင်းများကို ‌ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ/အဖွဲ့အစည်းများမှ ပူးပေါင်းပေးနိုင်ဖို့လိုအပ်ကြောင်း ‌ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နောင်တရား၊ ပေါင်းလောင်း၊ တီကျစ်တိုက်နယ်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)