ကွမ်းခြံကုန်း ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အတွက်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က အလယ်ရွာကျေးရွာအုပ်စု ဆယ်အိမ်တန်းကမ်းခြေတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ကွမ်းခြံကုန်းမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးလူမင်းနှင့်ဝန်ထမ်းများ၊ WIF မှဝန်ထမ်းများ CF အဖွဲ့ဝင်များ၊ အလယ်ရွာကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ဒေသခံပြည်သူများက ဗြူရွှေဝါပင်(၁၅၀၀)စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ကွမ်းခြံကုန်းမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးလူမင်းက ၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)