လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇူလိုင်လ (၂၆) ရက်နေ့နံနက် (၉) နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သု့အင်အား၀န်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ကPower Pointဖြင့်ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

 ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့၀င်များ၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စက်မှုဇုန်ကော်မတီများ၊ အိမ်ရာကော်မတီ၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွာကော်မတီ အဖွဲ့ဝင်များစုစုပေါင်း (၁၁၅) ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)