ပင်းတယ ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပပြုလုပ်ခြင်းသည် ကျောင်းသား/ ကျောင်းသူများအား ဉာဏစွမ်းရည်ပြည့်ဝစေရေးအတွက်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ကြည်ဝင်းက ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့ရာ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မှန်ကန်စွာဖြေဆိုနိုင်သည့်ကျောင်းသား/ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)