ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း

ညောင်ဦး ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ယမန်နေ့နံနက် ၆ နာရီခွဲအချိန်မှစတင်၍ ဧရာဝတီမြစ်ရေ တဖြည်းဖြည်းပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ခံအရာရှိထံမှ သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာဖြစ်ပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ၁၈၁၀ စင်တီမီတာထိ ပြန်လည်ကျဆင်းနေပြီဖြစ်ကာ စိုးရိမ်ရေမှတ်အောက် ၃၁၀ စင်တီမီတာ ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့တွင် မြစ်ရေဝင်ရောက်နေသည့် မြစ်ကမ်းဘေးနေအိမ်များသာ ပြန်လည်ရွေ့ပြောင်းဖို့ ကျန်နေသေးပြီး၊ ရေးဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း