သထုံ ဇူလိုင် ၂၅
မွန်ပြည်နယ်၊ သထုံခရိုင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၏ ကော်မတီဝင်များ ပေါင်းစပ်ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သထုံခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က အမှာစကားပြောကြားပြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်နွယ်နွယ်ဦးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်၊ လုပ်ငန်းဆပ်ကော်မတီ(၈)ခု ဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီအလိုက် ဆွေးနွေးပွဲကျင်းပမှုများနှင့် ဆုံးဖြတ်ချက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့မှုများ၊ တိုင်ကြားနိုင်သည့် ဖြစ်ရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်တို့က မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ခဲ့မှုများ၊ ရှေ့လုပ်ငန်းစဉ်တို့ကို တင်ပြဆွေးနွေးကြရာ ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ သထုံခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)