ရန်ကင်းမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ရန်ကင်း  ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ခံတွင်းသန့်ရှင်းရေး စသည်ဖြင့်လည်းကောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့်အခြေအနေများ၊ ဆောင်ရန်၊ ရှောင်ရန်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)