စမ်းချောင်းမြို့နယ်တွင် ပြင်းထန်၀မ်းပျက်၀မ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

စမ်းချောင်း  ဇူလိုင်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလအတွင်း ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်)ရပ်ကွက်၊ ပန်းလှိုင်ရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်အတွင်း ပြင်းထန်ဝမ်းပျက်၀မ်းလျှောရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ထုံးဖြူးခြင်း၊ water tab များပေးဝေခြင်း အသိပညာ‌ပေးဗီနိုင်းတပ်ဆင်ခြင်း၊ လက်ကမ်းစာ‌ဆောင်များ‌ဖြန့်‌ဝေခြင်းနှင့် စားသောက်ဆိုင်များတွင် ခြေနင်းအမှိုက်ပုံးများအသုံးပြုရန်၊ ရေစီးရေလာကောင်းမွန်ရန်၊ သန့်ရှင်းရေးဂရုပြုဆောင်ရွက်ရန်၊ သုံးရေများကို ကလိုရင်းဆေးခတ်အသုံးပြုရန် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၀န်ထမ်းများ၊ ကျန်းမာ‌ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဖြူသွယ်ထွန်း (ပြန်/ဆက်)