မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်း

မိုင်းဆတ် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာစေရေးအတွက် စာအုပ်စာစောင်များလှူဒါန်းခြင်းနှင့် စာကြည့်တိုက် Activities များဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များလှူဒါန်းရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က နောင်ဘိုကျေးရွာ ရောင်ခြည်သစ်စာကြည့်တိုက်၊ မယ်နင်ကျေးရွာအုပ်စု၊ နောင်ဖာကျေးရွာ လမ်းသစ်စာကြည့်တိုက်၊ ဝိန်းဝိုင်ရပ်ကွက် ရွှေသုတစာကြည့်တိုက်၊ ဝိန်းနေရပ်ကွက်၊ ဝိန်းကောင်းရပ် မြတ်ရွှေအိုးစာကြည့်တိုက်နှင့် ဝိန်းနေရပ်ကွက်၊ ကုန်းကုလားရပ်အလင်းရောင်စာကြည့်တိုက်များအတွက် စာကြည့်တိုက်တစ်တိုက်လျှင် စာအုပ်စာစောင် (၂၂)အုပ်နှုန်းဖြင့် စုစုပေါင်းစာအုပ်စာစောင် (၁၁၀)အုပ်ကို ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)