မိုင်းယောင်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်အသင်းတို့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်က သမဝါယမလုပ်ငန်းစဉ်များ၊ အသင်းဥပဒေများ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး အမှတ်(၇)ရပ်ကွက် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်အသင်းဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့် အမှတ်(၉)ရပ်ကွက် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ကြသည်။
ထို့နောက် အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အစုအပေါ် အမြတ်ငွေများနှင့် ထောက်ပံ့ငွေများကို အသင်းသူ၊ အသင်းသားများအား သက်ဆိုင်ရာတာဝန်ရှိသူတို့က အသီးသီး ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)