အသက်မွေးဝမ်းကျောင်းဆိုင်ရာ Bakery တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်

မိတ္ထီလာ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အသက်မွေးဝမ်းကျောင်းဆိုင်ရာ Bakery တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က  သာစည်မြို့နယ် သာစည်လေးကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဥပဒေပါ အခြေခံမူများနှင့် အညီ နည်းပညာလွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရေ၊  မြေ၊  သဘာဝအလျောက် ဗီတာမင် ၊ သတ္ထုဓါတ်နှင့် အာဟာရဓါတ်များ ပြည့်ဝစွာ ပါရှိသည့် ဂျုံအခြေခံထားသည့် ကိတ်မုန့်အမျိုးမျိုးတို့ကို စနစ်တကျ ထုတ်လုပ်နိုင်ခြင်းဖြင့် ကလေးငယ်များနှင့် လူကြီးများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရဓာတ် ပြည့်ဝ၍ စျေးနှုန်းချိုသာသော စားသောက်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် တွင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ Bakery တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းကို သာစည်မြို့နယ် သာစည်လေးကျေးရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းသား သင်တန်းသူ ၂၀ ဦးအား အခမဲ့ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)