ငါန်းဇွန်မြို့နယ် ကျီးမနိုးဈေးခေါ် မိုးမလင်းဈေးတွင် ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားများပြား

ငါန်းဇွန် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်စည်ပင်သာယာဈေးအနီး လမ်းမကြီး တစ်လျှောက်တွင် ယနေ့နံနက် (၃) နာရီအချိန်မှစ၍ ကျီးမနိုးဈေးခေါ် မိုးမလင်းဈေးတွင် ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားစွာ ရောင်းချလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်စည်ပင်သာယာဈေးအနီး လမ်းမကြီးတစ်လျှောက်တွင် ကျီးမနိုးဈေးခေါ် မိုးမလင်းဈေးတွင် ဈေးရောင်း၊ဈေးဝယ်များဖြင့် စည်ကားစွာ ရောင်းချနေ လျက်ရှိပါသည်။ ကျီးမနိုးဈေးခေါ် မိုးမလင်းဈေးကို ရောင်းချကြမည့် ဈေးသည်များသည် ဈေးရောင်းချရန်အတွက် နေ့စဉ် နံနက် ၂ နာရီခွဲအချိန်တည်းက အိပ်ယာမှ ထကာ ဈေးရောင်းချရန် ပြင်ဆင်ကြရကြောင်း သိရသည်။ ကျီးမနိုးဈေးခေါ် မိုလင်းဈေးကို နံနက်(၃)နာရီမှ (၆)နာရီထိ ရောင်းချကြပြီး အကြော်သည်များ အပါအဝင် ကုန်စိမ်းသည်များ၊ သစ်သီးသည်များ၊ အသား/ငါးရောင်းချသူ ဈေးသည်များနှင့် အခြားဈေးသည်များစုံလင်စွာ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကျီးမနိုးဈေးခေါ် မိုးမလင်းဈေးကို လာရောက်ဝယ်ယူသူများမှာ အထူးသဖြင့် နယ်များမှ ပြန်လည်ရောင်းဝယ်ကြမည့် နယ်လှည့်ဈေးသည်များ၊ အိမ်ဆိုင်ဈေးသည်များဖြစ်ကြောင်း သိရသည်။ နယ်လှည့်ဈေးသည်များသည် ဆိုင်ကယ်များ၊ ကားများဖြင့် လာရောက်ဝယ်ယူ၍ ကျေးရွာများတွင် ကျေးရွာနေပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသောက်နိုင်ရန်အတွက် မိုဘိုင်းဈေးသည်အဖြစ် အိမ်တိုင်ရာရောက် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ဆိုင်ကယ်နှင့် ရောင်းချသူဈေးသည်များမှာ ဒေသအခေါ် ပလိုင်းခြင်းများဖြင့် ကုန်ပစ္စည်းများကို ဘေးဘယ်/ ညာချိတ်ဆွဲလျှက် သယ်ယူရောင်းချကြကြောင်း သိရသည်။

ကျီမနိုးဈေးခေါ် မိုးမလင်းဈေးရှိသည့်အတွက် ကျေးရွာနေပြည်သူများ လုပ်ငန်းခွင်မဝင်မီ လွယ်လင့်တကူ ဝယ်ယူစားသောက်နိုင်ကြသလို ဈေးရောင်း/ဈေးဝယ်များလည်း မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိကာ မိသားစုအဆင်ပြေစွာ နေထိုင်နိုင်ကြကြောင်း ဈေးသည်များထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)