ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI) Quarantine Center ဝင် ရောက်နေသူများအနက် ယမန်နေ့က ဒုတိယအကြိမ် Swb နမူနာယူစစ်ဆေးခဲ့သည့် (၂၇)ဦးမှ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI) Quarantine Center ဝင်ရောက်နေသူများအနက် ဒုတိယအကြိမ်မြောက် (၂၇)ဦးအား Swab အာခေါင်တို့ဖတ်နမူနာ ထပ်မံရယူ၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ယမန်နေ့ကပေးပို့စစ်ဆေးခဲ့ရာ၊ တငါ့ကန်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာမှ ရန်ကုန်ပြန် အမျိုးသား(၁)ဦးနှင့် ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာမှ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ပြန်လာသူ အမျိုးသား (၁)ဦး ပေါင်း(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသဖြင့်၊ ၎င်း ပိုးတွေ့လူနာ(၂)ဦးအား ကျောက်ပန်းတောင်း မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်ပြီး GTI Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ ပိုးတွေ့ရှိသူ(၂)ဦးအပါအဝင် ကျောက်ပန်းတောင်းမြို့နယ် ပြည့်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာ စုစုပေါင်း (၁၃)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)