တောင်ဥက္ကလာပ ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်-၃ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၁ နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိဦးအောင်ကိုဦး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အမှတ်(၇)ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် ၁၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)